Organics - Renewal Organics - Floating Menu

Organics သည် ပတ်ဝန်းကျင်ကာကွယ်ခြင်း နှင့် ကာဗွန်ထုတ်လုပ်မှုလျော့ချခြင်း

Organics : Flare systems

Organics သည် ပတ်ဝန်းကျင်ကာကွယ်ခြင်း နှင့် ကာဗွန်ထုတ်လုပ်မှုလျော့ချခြင်း စနစ်များကို ဒီဇိုင်းဆွဲ ထုတ်လုပ် တပ်ဆင်ပါသည်။ ကုမ္မဏီ၏ အခြေခံထုတ်ကုန်များမှာ ဇီဝဓာတ်ငွေ့ စုဆောင်းခြင်း၊ အသုံးပြုခြင်း၊ စွန့် ပစ်ခြင်းဆိုင်ရာစနစ်များနှင့်တပ်ဆင်ပစ္စည်းများ နှင့် ရေဆိုးသန့် စင်စနစ် တို့ ဖြစ်ပါသည်။ အရည်အသွေးမြင့် မီးပွားထွက်နည်းသောမီးတောက်များ စစ်ထုတ်သန့် စင်စက်များ၊ ရေငွေ့ ဖယ်စက်များ လေမှုတ်စကစ်များ၊ ထို့ အပြင် ရေဆိုးများ၊ စက်ရုံထွက်စွန့် ပစ်ရည်များ မှ အမိုးနီးယား ကို အပူဖြင့် ဖယ်ထုတ်ခြင်းနည်းပညာ အပါအဝင် အထူးပြုလုပ်ထားသော ရေဆိုးသန့် စင် စက်ရုံဒီဇိုင်းများ လဲပါဝင်ပါသည်။

ဆက်ဖတ်ရန်...

ကာဗွန်ထုတ်လုပ်မှု လျော့ချခြင်း

Carbon Emissions

CDM/JI လိုက်နာသော ပရောဂျက်များ၊ ဆန္ဒအလျောက်ကာဗွန်လျော့ချရေး ပရောဂျက်များ အတွက် ကာဗွန်ရောင်းဝယ်ရေးဈေးကွက်သည် ကမ္ဘာတဝှမ်းလုံးရှိ စွန့် ပစ်ပစ္စည်းစီမံခန့် ခွဲမှု စက်မှုလုပ်ငန်းအတွက် အရေးကြီးအချက်ဖြစ်သည်။
Organics သည် ပြီးပြည့်စုံသောနည်းပညာအဖြေများ ကိုထောက်ပံ့နိုင်စွမ်းရှိသည့်အပြင် carbon credit funded projects လုပ်ဆောင်နေသူများနှင့်လဲ လက်တွဲနိုင်စွမ်းရှိသည်။ အဆင်သင့်အသုံးပြုနိုင်သည့် ဇီဝဓာတ်ငွေ့ နှင့် ဇီဝဒြပ်ထုမှ စွမ်းအင်ပြောင်းစနစ်များကို ဒီဇိုင်းဆွဲထုတ်လုပ်နိုင်စွမ်းရှိသော အတွေ့ အကြုံရှိသော စက်မှုကုမ္မဏီ ဖြစ်သည့်အားလျော်စွာ Organics သည် ကာဗွန်လျော့ချရေး/ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်ပရောဂျက်များ ဖွံဖြိုးရေးအတွက် ကူညီနိုင်သော တမူထူးခြားသောနေရာတွင်ရှိသည့်ကုမ္မဏီ ဖြစ်သည်။ ကုမဏီ၏ အတွေံအကြုံဗဟုသုတအပြင် Organics သည် ကမာတစ်ဝှမ်းလုံးရှိ CDM ကျင့်သုံးသောနိုင်ငံများတွင် လုပ်ငန်းလုပ်ဆောင်ရာ လုပ်ငန်းစဉ်အတွက် လုပ်ထုံးလုပ်နည်းများ၊ စံသတ်မှတ်ချက်များနှင့် ကိုင်တွယ်ဖြေရှင်းရာတွင် ကြီးမားသော အသိပညာသုတ ပိုင်ဆိုင်ထားခြင်းကြောင့် ရှည်လျားသောအောင်မြင်မှုမှတ်တမ်း ရှိသည်။

ဆက်ဖတ်ရန်...