Organics အကြောင်း

The Organics Team

Organics သည် ပတ်ဝန်းကျင်ကာကွယ်ခြင်း နှင့် ကာဗွန်ထုတ်လုပ်မှုလျော့ချခြင်း စနစ်များကို ဒီဇိုင်းဆွဲ ထုတ်လုပ် တပ်ဆင်ပါသည်။ ကုမ္မဏီ၏ အခြေခံထုတ်ကုန်များမှာ ဇီဝဓာတ်ငွေ့ စုဆောင်းခြင်း၊ အသုံးပြုခြင်း၊ စွန့် ပစ်ခြင်းဆိုင်ရာစနစ်များနှင့်တပ်ဆင်ပစ္စည်းများ နှင့် ရေဆိုးသန့် စင်စနစ် တို့ ဖြစ်ပါသည်။ အရည်အသွေးမြင့် မီးပွားထွက်နည်းသောမီးတောက်များ စစ်ထုတ်သန့် စင်စက်များ၊ ရေငွေ့ ဖယ်စက်များ လေမှုတ်စကစ်များ၊ ထို့ အပြင် ရေဆိုးများ၊ စက်ရုံထွက်စွန့် ပစ်ရည်များ မှ အမိုးနီးယား ကို အပူဖြင့် ဖယ်ထုတ်ခြင်းနည်းပညာ အပါအဝင် အထူးပြုလုပ်ထားသော ရေဆိုးသန့် စင် စက်ရုံဒီဇိုင်းများ လဲပါဝင်ပါသည်။


 

Organics သည် အောက်ဖော်ပြပါ အသုံးချမှုများအတွက် ကိရိယာများကို ထောက်ပံ့ပေးသည်။
 
  • လေဆိုး မီးရှို့ စနစ်များ;
  • လေဆိုး ကွင်းဆင်းစုဆောင်းခြင်း စနစ်များ;
  • လေဆိုး အသုံးချစနစ်များ;
  • အလိုအလျောက် လေဆိုး တိုင်းတာခြင်းစနစ်များ;
  • ကာဗွန်ထုတ်လွှတ်မှု လျော့ချခြင်းစနစ်များ;
  • ဖို့ မြေစွန့် ပစ်ရည် စုဆောင်းမှုစနစ်များ;
  • ဖို့ မြေစွန့် ပစ်ရည် နှင့် ရေဆိုးသန့် စင် စနစ်များ;
  • VOC လျော့ချမှုစနစ်များ:
  • အစိတ်အပိုင်းများစွာဆက်စပ်ပါဝင်သော စက်ရုံလုပ်ငန်းစဉ်အသုံးပြုမှုများအတွက် နည်းစနစ်ယူနစ်များ၊ နှင့်.ဖော်ပြပါ ကိရိယာပစ္စည်းများအတွက် အဝေးမှနေပြီး အချက်အလက်ကောက်ယူခြင်း နှင့် လည်ပတ်ခြင်း စနစ်များ
  • သဟဇာတဖြစ်ပြီး လုံခြုံစိတ်ချရမှုအဆင့်ရှိသော စနစ်များ
     
ကုမ္မဏီဝန်ထမ်းများသည် 1985 ကတည်းက တပ်ဆင်ဆောက်လုပ်မှု 300 ခန့် တွင် ပါဝင်ဖူးသူများဖြစ်ကြသည်။ ပြီးပြည်စုံသော ရည်ညွှန်းချက်စာရင်းကို အရောင်းမြှင့်တင်ရေးဌာန မှ တောင်းခံနိုင်ပါသည်။
 
ကုမ္မဏီသည် ဈေးကွက်ထဲတွင် ဈေးနှုန်းအခြေခံ တခုတည်းဖြင့် ရပ်တည်နေခြင်းမဟုတ်ဘဲ ဝယ်ယူသုံးစွဲသူ အကြိုက်နှင့် ကိုက်ညီအောင် ကိရိယာများကို ဒီဇိုင်းဆွဲ ဆောက်လုပ်တပ်ဆင်ပေးနိုင်စွမ်း ရှိသော ကုမ္မဏီ ဖြစ်သည်။
 
ယခု Website ကိုလာရောက်ကြည့်ရှုသူများသည် Organics ၏ ထုတ်ကုန်များနှင့် လုပ်နိုင်စွမ်းများကို သိရှိလိုပါက ဆက်သွယ်နိုင်ပါသည်။ comms@organics.com သို့ အီးမေးလ် ပို့ ပြီး မေးမြန်းနိုင်ပါသည်။
 
ကုန်ပစ္စည်းအမျိုးအစား 30 ကျော် အချက်အလက်များကို ဒေါင်းလော့ဆွဲယူနိုင်ပါသည်။ ထပ်မံပြီး ထပ်ဆောင်း အချက်အလက်များကိုလဲ တောင်းခံနိုင်ပါသည်။
 

 

(lang: en)

Datasheets (in english):
Organics အကြောင်း

အရင်စာမျက်နှာသို့ 