စွန့် ပစ်ပစ္စည်းကို စွမ်းအင်သို့ ပြောင်းခြင်းစနစ်များ

Organics မှကျယ်ပြန့် သော ရွေးချယ်စရာများ

Build, Own, Operate

ဆက်လက်ဖြစ်ပေါ်နေဆဲ ဖို့ မြေဓာတ်ငွေ့ နှင့် စွန့် ပစ်ရည်များကို စီမံခန့် ခွဲရခြင်းမှာ ရှုပ်ထွေးသော မမျှော်လင့်ပဲငွေကုန်ကြေးကျများနိုင်သော အချိန်ပေးရသောကိစ္စ ဖြစ်သည်။

ဓာတ်ငွေ့ ဖြိုခွဲခြင်းစနစ်များ

Organics သည် များစွာသောဇီဝဒြပ်ထုများကို ထိရောက်သောဓာတ်ငွေ့ ဖြိုခွဲခြင်းစနစ်အတွက် ကိုယ်ပိုင်နည်းပညာ ဖွံ့ ဖြိုးပြီး သက်သေပြပြီးဖြစ်ပါသည်။ ထိုစနစ်သည် စွမ်းအင်ထုတ်လုပ်ရန် ဇီဝစွန့် ပစ်ပစ္စည်းအမျိုးအစားအများအပြားအတွက် သင့်တော်သော်လည်း စည်ပင်သာယာအစိုင်အခဲ စွန့် ပစ်ပစ္စည်းများအတွက် အထူးသင့်တော်ပါသည်။

အောက်ဆီဂျင်မဲ့ချေဖျက်ခြင်း

အောက်ဆီဂျင်မဲ့ ချေဖျက်ခြင်းသည် ဇီဝအညစ်အကြေးကို ဗတ်တီးရီးယားအသုံးပြုပြီး အောက်ဆီဂျင်မရှိသောပတ်ဝန်းကျင်တွင် ဖြိုခွဲသည်။ ထိုစနစ်သည် အသုံးများသော အညစ်အကြေးသန့် စင်သောလုပ်ငန်းစဉ်ဖြစ်ပြီး အပူ နှင့်(သို့ ) လျှပ်စစ်ထုတ်လုပ်ရာတွင် အသုံးပြုနိုင်သော မီသိန်းဓာတ်ငွေ့ ပေါကြွယ်ဝသော ဇီဝဓာတ်ငွေ့ ကိုလဲထုတ်လုပ်နိုင်သည်။
 

စွန့် ပစ်ပစ္စည်းမှ စွမ်းအင်သို့ 

ဓာတ်ငွေ့ ဖြိုခွဲမှုစနစ်ဖြင့် စည်ပင်သာယာအစိုင်အခဲအညစ်အကြေးများကို လျှပ်စစ်သို့ ပြောင်းလဲခြင်း။ ထိုစနစ်သည် စွန့် ပစ်ပစ္စည်းအမျိုးအစားခွဲခြင်း၊ စွန့် ပစ်ပစ္စည်းကနဦးသန့် စင်မှု၊ ဓာတ်ငွေ့ ဖြိုခွဲခြင်း၊ ဓာတ်ငွေ့ သန့် စင်ခြင်း နှင့် စွမ်းအင်းထုတ်လုပ်ခြင်း အဆင့်များပေါ်မူတည်ပြီး စွန့် ပစ်ပစ္စည်းမှစွမ်းအင်သို့ ပြောင်းခြင်း နည်းဗျုဟာကို စီးပွားဖြစ်တပ်ဆင်ပေးခြင်းကို ထောက်ပံ့ပေးပါသည်။

သန့် ရှင်းသော လေမဲ့အပူပေးဖြိုခွဲခြင်း

လေမဲ့အပူပေးဖြိုခွဲခြင်းသည် ဇီဝဒြပ်ထုကို အပူပေးပြီးလောင်ကျွမ်းမှုမဖြစ်စေဘဲ ဓာတ်ငွေ့ အစိတ်အပိုင်းဖြစ်အောင် ဖြိုခွဲခြင်းဖြစ်သည်။ Organics ၏ လေမဲ့အပူပေးဖြိုခွဲခြင်းနည်းပညာသည် လေလုံးဝမရှိသော အခြေအနေတွင် အပူကိုအသုံးပြုခြင်းဖြစ်သည်။
 

K Range သန့် ရှင်းသော လေမဲ့အပူပေးဖြိုခွဲခြင်း

K Range သည် သယ်ယူပို့ ဆောင်ရေးအတွက် လွယ်ကူသော နိုင်ငံတကာစံချိန်စံညွှန်း နှင့်ညီသော ကွန်တိန်နာများထဲတွင် ထည့်သွင်းတပ်ဆင်နိုင်သော အရွယ်အစားကိရိယာများကို ဒီဇိုင်းထုတ်လုပ်ထားသည်။ ထို့ ကြောင့် K Range သည် အပူအားဖြင့်အဆင်ပြေသောပုံစံ နှင့် ပတ်ဝန်းကျင်နှင့်သင့်တော်သော စွန့် ပစ်ပစ္စည်းရှင်းလင်းပစ်ခြင်းအတွက် သယ်ဆောင်ရအလွန်လွယ်ကူသောယူနစ် ဖြစ်သည်။
 

T Range သန့် ရှင်းသော လေမဲ့အပူပေးဖြိုခွဲခြင်း

T Range ကို အများအားဖြင့် မြို့ များ နှင့် ကျေးလက်ဒေသများတွင်တွေ့ နိုင်သော လူဦးရေ 40,000 မှ 400,000 အတွင်း အလယ်အလတ် မှ အကြီးစား အရွယ်အစား လူဦးရေ မှထွက်သော စည်ပင်သာယာအစိုင်အခဲ စွန့် ပစ်ပစ္စည်း  ရှင်းလင်းပစ်ခြင်းတွင် အသုံးပြုနိုင်သည်။

GALFAD

GALFAD သည် အမျိုးအစားမခွဲရသေးသော စည်ပင်သာယာအစိုင်အခဲစွန့် ပစ်ပစ္စည်း များမှ အများဆုံးစွမ်းအင်ပြန်လည်ရရှိရန် ဒီဇိုင်းဆွဲထားသော စွန့် ပစ်ပစ္စည်းရှင်းလင်းပစ်သော ပေါင်းစပ်စနစ် ဖြစ်သည်။ ရိုးရှင်းသော ရည်ရွယ်ချက်ကတော့ စွန့် ပစ်ပစ္စည်း အမျိုးအစားတခုချင်းစီအတွက် သင့်လျော်သောပြောင်းလဲခြင်းနည်းပညာကို အသုံးပြုရန်ဖြစ်ပါသည်။

စွန့် ပစ်ပစ္စည်းကို စွမ်းအင်အရင်းအမြစ်အဖြစ်အသုံးပြုခြင်း

Organics သည် အောက်ဆီဂျင်မဲ့ချေဖျက်ခြင်းစနစ်များ၊ ဓာတ်ငွေ့ ဖြိုခွဲခြင်း နှင့် လေမဲ့အပူပေးဖြိုခွဲခြင်း တို့ ပါဝင်သော ကျယ်ပြန့် သော စွမ်းအားထိန်းချုပ်အသုံးချခြင်း နည်းပညာများကို ပံ့ပိုးပေးသည်။

 

Datasheets (in english):
စွန့် ပစ်ပစ္စည်းကို စွမ်းအင်သို့ ပြောင်းခြင်းစနစ်များ



အရင်စာမျက်နှာသို့ 