LHC Range မီးပွားစနစ်များ

ကယ်လိုရီတန်ဖိုးနည်း ဓာတ်ငွေ့ များအတွက် လုံခြုံစိတ်ချရသော လောင်ကျွမ်းခြင်းစနစ်
 

 

သော့ချက်များ

LHC Range မီးပွားစနစ်သည် ကယ်လိုရီတန်ဖိုးနည်း (သို့ ) အပူနည်း ဓာတ်ငွေ့ များလောင်ကျွမ်းရာတွင် ဖြစ်ပေါ်သော ပြသာနာကို ဖြေရှင်းရန် အထူးဒီဇိုင်းပြုလုပ်ထားသည်။ လေနှင့်ဓာတ်ငွေ့ အရောအနှော အလွန်မြင့်သောလယ်ဗယ်တခုတွင် ထိန်းသိမ်းထားစဉ် အပူ ဆုံးရှုံးမှုအနည်းဆုံးဖြစ်အောင် အသင့်တော်ဆုံး လောင်ကျွမ်းခြင်းထိန်းချုပ်နည်းစနစ်များက သေချာစေသည်။ 
 
ပုံမှန် ဖို့ မြေဓာတ်ငွေ့ မီးပွားများတွင် ဥပမာအားဖြင့် လောင်ကျွမ်းရန်အတွက် အနည်းဆုံးမီသိန်းဓာတ်ငွေ့ ပြင်အားသည် 15% မှ 20% ဝန်းကျင်တွင်ရှိသည်။ လက်တွေ့ ကျင့်သုံးမှုများသည် မီသိန်းဓာတ်ငွေ့ ပြင်းအား 20% အောက်လျော့ ကျလျှင် ပေါက်ကွဲမှု ဖြစ်နိုင်ခြေကို ရှောင်ရှားရန်အတွက် လောင်ကျွမ်းခြင်းကို ရပ်တန့် ကျသည်။ LHC Range မီးပွားစနစ်သည် ပြင်းအား 20% အောက်တွင်လဲ ဆက်လက်လောင်ကျွမ်းနိုင်ရန်အတွက် နဂိုပါ ပေါက်ကွဲမှုကာကွယ်ပစ္စည်းများ အထူးဒီဇိုင်းဆွဲထားသည်၊ ထို့ အပြင် အနိမ့် ဆုံး မီသိန်းဓာတ်ငွေ့  5% ရှိသည်အထိ လောက်ကျွမ်းနိုင်သည်။
 

 

အရွယ်အစားများ

LHC Range မီးပွားစနစ်သည် စံချိန်စံညွှန်းအရွယ်အစားအားဖြင့် တစ်နာရီလျှင် 250 ကုဗမီတာ မှ 1000 ကုဗမီတာအထိ ရရှိနိုင်သည်။ ပိုမိုများပြားသော ပန်းထွက်နှုန်းများရရှိနိုင်ရန် ယူနစ်များများ တပ်ဆင်ရန်လိုအပ်သည်။

 

အသုံးချခြင်း

LHC Range မီးပွားစနစ်သည် ပြသာနာ ဖြစ်နိုင်သော ပမာဏပြင်းအား ရှိသော်လည်း တခြားနည်းလမ်းအသုံးပြုလောင်ကျွမ်းနိုင်ရန် ပြင်းအားပမာဏဓာတ်ငွေ့ မလုံလောက်သော ဖို့ မြေနေရာဟောင်းများတွင် အသင့်တော်ဆုံးဖြစ်သည်။
 
LHC Range မီးပွားစနစ်သည် ဖြစ်စဉ်တခုမှ ထွက်လာသော ကယ်လိုရီတန်ဖိုးနည်းဓာတ်ငွေ့ များသည် လေထုထဲထုတ်လွှတ်ခြင်းထက် လောက်ကျွမ်းခြင်းက အကျိုးရှိနိုင်သော အခြေအနေမျိုးတွင် အသုံးပြုနိုင်သည်။
 

 



အရင်စာမျက်နှာသို့ 