Build, Own, Operate

Options for finance and operation 

ဆက်လက်ဖြစ်ပေါ်နေဆဲ ဖို့ မြေဓာတ်ငွေ့ နှင့် စွန့် ပစ်ရည်များကို စီမံခန့် ခွဲရခြင်းမှာ ရှုပ်ထွေးသော မမျှော်လင့်ပဲငွေကုန်ကြေးကျများနိုင်သော အချိန်ပေးရသောကိစ္စ ဖြစ်သည်။
 
ရံဖန်ရံခါ ဖို့ မြေနေရာမှ တာဝန်ခံဝန်ထမ်းသည် ဗဟိုအထက်မှ အောက်ခြေအစွန်းပိုင်းသို့ အဓိကစီမံခန့် ခွဲခြင်းများကိုလုပ်ဆောင်ခြင်း မရှိတက်ပါ။ ထိုကဲ့ သို့ တာဝန်ခံမှုများကို အထူးကျွမ်းကျင်သော ကုမ္မဏီက စနစ်ပျက်ကွက်ခြင်းမှဖြစ်ပေါ်လာသော ပြစ်ချက်ခြိမ်းခြောက်မှုများကိုဖယ်ရှားရာတွင်လည်းကောင်း စီမံခန့် ခွဲမှု၏အခြေခံကျသော ရှင်းလင်းသောဘဏ္ဍာရေးစနစ်တည်ထောက်မှု ကိုထောက်ပံရာတွင်လည်းကောင်း ဆောင်ရွက်ပေးသည်။
 
Organics မှပေးအပ်သောရွေးချယ်ခွင့်များမှာ တိုက်ရိုက်ငှားခြင်းနှင့် ငှားရမ်း-ဝယ်ယူခြင်း မှ Build Own and Operate (BOO), Build Own Operate and Transfer (BOOT) and Design, Build and Operate (DBO) စနစ်များထိ ဖြစ်ပါသည်။
 

 

အဓိကသော့ချက်များ

  • အထူးကျွမ်းကျင်သော ကုမ္မဏီက စက်ရုံဘဏ္ဍာရေးနှင့်လည်ပတ်ရေးတာဝန်ယူခြင်း
  • သန့် စင်မြဲစနစ်အတွက် နှုန်းသေထားခြင်း
  • ပိုလျှံပမာဏများအတွက် နှုန်းထားအမျိုးမျိုးရှိခြင်း
  • နှစ်ရှည်စာချုပ်များ
  • စက်ရုံလုပ်ငန်းဆောင်ရွက်ချက်များကို တာဝန်ခံမှုအပြည့်ရှိခြင်း

 

အားသာချက်များ

  • ရင်းနှီးမြှပ်နှံငွေမလိုခြင်း
  • ဒီဇိုင်း၊ တည်ဆောက်ခြင်း နှင့် လည်ပတ်ခြင်းကိစ္စများအားလုံးကို လိုအပ်သောအရည်အချင်းရှိသော အထူးကျွမ်းကျင်သူအဖွဲ့ မှ ဆောင်ရွက်ခြင်း
  • ဒီဇိုင်း နှင့် တည်ဆောက်သော အချိန်အတွင်း ဖောက်သည်ဖက်မှ စီမံခန့် ခွဲရန်ဝန်ထမ်းလိုအပ်မှု သိသိသာသာလျော့နည်းခြင်း
  • ပရောဂျက်လည်ပတ်နေချိန်တွင် ဖောက်သည်ဖက်မှ စီမံခန့် ခွဲရန် နှင့်လည်ပတ်ရေးဝန်းထမ်းလိုအပ်မှု အနည်းဆုံးဖြစ်ခြင်း
  • စက်ရုံလည်ပတ်ရေး နှင့် သန့် စင်ရေးလုပ်ဆောင်မှုများအတွက် ပူပန်ဖွယ်ရာ/တာဝန်ခံဖွယ်ရာများ အနည်းဆုံးဖြစ်ခြင်း
စွန့် ပစ်ရည် သန့် စင်စက်ရုံ ဒီဇိုင်းဆွဲရန်အတွက် အဓိကကျသော သတ်မှတ်ချက်ဘောင်များကို သတ်မှတ်ရန်လိုအပ်ပါသည်။ထိုဘောင်များထဲမှ အခရာကျသောအချက်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်:
  • စွန့် ပစ်ရည်ထုတ်လွှတ်နှုန်း
  • သန့် စင်ရန်အတွက် စွန့် ပစ်ရည်များကို ပေါင်းစပ်ပြုပြင်ခြင်း
  • သန့် စင်ပြီးနောက် စွန့် ပစ်ရည်အတွင်းပါဝင်သော ခွင့်ပြုနိုင်သောစွန့် ပစ်ပမာဏ
     
သန့် စင်စက်ရုံ၏ ခက်ခဲရှုပ်ထွေးမှုများအတွက်လိုအပ်သော ပြီးပြည့်စုံပြီးအဆင့်သင့်အသုံးပြုနိုင်သော ပရောဂျက်ဖြစ်ရန် တည်ဆောက်ဖွံ့ ဖြိုးအဆင့်အဆင့်များမှာ:
  • အချက်အလက် တွက်ချက်ခြင်း
  • ဒီဇိုင်းဆွဲခြင်း
  • အဆိုပြုခြင်း
  • စီမံကိန်းရေှးဆွဲခြင်း
  • ထုတ်လုပ်ခြင်း၊ တပ်ဆင်ခြင်း နှင့် တာဝန်ပေးအပ်ခြင်း
  • လည်ပတ်ခြင်း
     

 

Datasheets (in english):
Build, Own, Operate



အရင်စာမျက်နှာသို့ 